ပေါင် စက်တင်ဘာ ၂၈
မွန်ပြည်နယ် ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူ ခန်းမ၌ ပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးသန်းဝင်းဇော်နှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စာရင်းကောက်ယူခဲ့ကြောင်း၊ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူနေမှုကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စာရင်းရေးသွင်း ကောက်ယူပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ် နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biome-tric Data) များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်များ သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


