ပေါင် မေ ၁၂
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးနှင့် လူစည်ကားရာ နေရာများတွင် ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မြင့်ထွန်း ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဥပဒေအရာရှိ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မှုခင်းကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် ၁၀၀၀ အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


