ပေါင် အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ရွှေဒင်္ဂါးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယနေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး နိုင်ရေး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား အသက် ၁၀ နှစ်ပြည့် (၂)ကတ်၊ အသက် ၁၈ နှစ်ပြည့် (၂) ကတ်၊ လဲလှယ်ကတ် (၆၀)ခု မိတ္တူ (၁၆)ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၈၀)ကတ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဝဏ္ဏမောင်(ပြန်/ဆက်)


