ပေါင် အောက်တိုဘာ ၁၂

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ဒုတိယအသုတ်၊ ပထမအကြိမ်  ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၂ ရက်နံနက် ၉နာရီက ဆေးထိုးစုရပ် (၁၀)နေရာ၌ ထိုးနှံပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် ပေါင်မြို့နယ်တွင် စုရပ် (၁၀) နေရာ သတ်မှတ်ကာ အသက် ၅၅နှစ်နှင့်အထက် မသန်စွမ်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးအစရှိသည့် နာတာရှည် ရောဂါအခံရှိများ၊ ဆရာတော်သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကို ဦးစားပေးသတ်မှတ်ချက် အဆင့်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ထိုးနှံပေးလျက်ရှိပြီး ပထမအသုတ်အနေဖြင့် ဆေးထိုးနှံပြီးသူ (၉၁၅၈)ဦးရှိပြီး ဒုတိယအသုတ်နှင့်တတိယ အသုတ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၅၅၀၅၅)ဦး ရှိကြောင်း သိရသည်။

             

 ဝဏ္ဏမောင် (ပြန်/ဆက်)