ပေါင် ဩဂုတ် ၈

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေကြီးရေလျှံသည့်ဘေးမှ ကာကွယ်ရန် ရေမြောင်းများရှိ အမှိုက်များအား ဆယ်ယူလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဩဂုတ် ၈ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့သည်။

 

ပေါင်မြို့နယ်တွင် မိုးရာသီကာလ၌ ကုလားမတောင်တန်းမှ စီးဆင်းသည့်ရေများကြောင့် ပေါင်မြို့ပေါ်ရပ်ကွက် လေးခု၊ ဇင်းကျိုက်မြို့ပေါ်ရပ်ကွက် လေးခုနှင့် ကျေးရွာအချို့တွင် တောင်ကျရေ စီးဆင်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်မှုမှ ကာကွယ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများက ရေမြောင်းများတစ်လျှောက် အမှိုက်သရိုက်များ ဆယ်ယူခဲ့ကြောင်းသိရသည်။

 

မွန်မလေး(ပြန်/ဆက်)