ပေါင် ဒီဇင်ဘာ ၁၂
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ရဲစခန်းတွင် ဒီဇင်ဘာ ၁၁ ရက်က အချုပ်သား ၁၇ ဦးထံမှ ကို-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပေါင်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
လွန်ခဲ့သည့် တစ်ပတ်ကျော်ကတည်းက နေမကောင်းဖြစ်နေသည့် အချုပ်သားတစ်ဦးကို ဒီဇင်ဘာ ၁၀ ရက်တွင် ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိသဖြင့် ၎င်းနှင့် အတူနေထိုင်သည့် အခြားအချုပ်သား ၃၂ ဦးကို ဒီဇင်ဘာ ၁၁ ရက်တွင် ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာမှ ၁၆ ဦးထံ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိထားသည့် အချုပ်သား ၁၇ ဦးအား သီးသန့်ခွဲထားကာ ဆေးကုသမှုခံယူနေပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ယခု အချုပ်သားများထံ စစ်ဆေးတွေ့ရှိခဲ့သည့် ပိုးများမှာ တတိယလှိုင်း ကိုဗစ်-၁၉ ရောဂါပိုး အမျိုးအစားဖြစ်ပြီး ပေါင်မြို့နယ်တွင် လွန်ခဲ့သည့်နှစ်လကတည်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် တာဝန်ရှိသူများမှ ကိုဗစ်ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်(ပြန်/ဆက်)


