ပေါင်မြို့နယ်တွင် အသက် ၈ နှစ်အရွယ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

ပေါင် ၂၁  မေ 


သထုံခရိုင် ပေါင်မြို့နယ် အဟောက်ကျေးရွာအုပ်စုတွင် မေ ၂၀ ရက် ညနေပိုင်းက ဦးလေးဖြစ်သူ အလုပ်လုပ်ကိုင်နေသည့် လယ်တဲသို့ အသက် ၈ နှစ်အရွယ် ကျောင်းသားတစ်ဦးမှ ထမင်းပို့ပြီး ကန်စောင်းအနီး ဆော့ကစားနေစဉ် ရေကန်ထဲလိမ့်ကျသွားခဲ့ရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ သထုံခရိုင် ပေါင်မြို့နယ် အဟောက်ကျေးရွာအုပ်စု ကွင်းအမှတ် (၈၇၃) ရှိ ကိုဖိုးမဲ ၆၀ နှစ် လယ်တဲအနီး ရေကန်တွင် ကလေးငယ် တစ်ဦးရေနစ်သေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးကာ ကိုဖိုးမဲ၏လယ်တဲအနီး အလျားပေ ၅၀၊ အနံ ပေ ၄၀၊ အနက် ၇ တောင်ခန့်ရှိ ရေကန်ထဲသို့ ကိုဖိုးမဲ၏တူတော်စပ်သူ မောင်ကောင်းခန့်အာကာသက်ဦး ၈ နှစ်ကျောင်းသား ကျားဘိုကျေးရွာနေသူမှာ ကိုဖိုးမဲထံ ထမင်းလာပို့ပြီး ကန်စောင်းတွင် ဆော့ကစားနေရာမှ လိမ့်ကျသွားခဲ့သဖြင့် ကိုဖိုးမဲနှင့် အတူ လယ်ကွင်းအတွင်း လယ်ထွန်စက်မောင်းနှင်နေသူ ကိုဇော်ရဲအောင်တို့က ရေကန်ထဲ ဆင်းဆယ်ယူခဲ့ပြီးနောက် ပေါင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


ကိုဟိန်း( ပေါင် )