ပေါင် ၈ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက် ယနေ့တွင် နိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပလျက်ရှိရာ ပေါင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများလည်း တက်ကြွစွာဖြင့် သက်ဆိုင်ရာမဲရုံများသို့ သွားရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ နှာခေါင်း စည်းများ ဝေငှခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်း အစရှိသည်တို့ကို မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာ မဲပေးနိုင်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပေါင်မြို့နယ်အတွင်း မဲရုံ(၉၈)ရုံ ဖွင့်လှစ်ထားပြီး မဲဆန္ဒရှင်ဦးရေ (၂၁၀၀၀၀)ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ စာရင်းအရ သိရသည်။
ဝင်းမင်းသန်း(ပြန်/ဆက်)


