ပေါင် ၊ ၁၀ ဇန်နဝါရီ

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့်  သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် အခက်အခဲမရှိစေရန်နှင့် စားသုံးသူပြည်သူများ လွယ်လင့်တကူ ငါးများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရေငံငါးများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ပေါင်မြို့နယ်ရှိ ကဒိုင်ကျေးရွာ၊ ကော့ကရင်ကျေးရွာနှင့် ကော့ထော်ကျေးရွာများသို့ သွားရောက် ရောင်းချပေးခဲ့သည်။

 

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်သိန်းသိန်းအေးနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု ဒုဥက္ကဋ္ဌ ဦးအေးမင်း၊ အတွင်းရေးမှူး ဦးသန်းမင်းဦးနှင့် အဖွဲ့ဝင်များက စားသုံးသူအသင်းသားများနှင့် ပြည်သူများအား ငါးပုတ်သင်၊ ငါးကြင်း၊ ငါးဒန်၊ ငါးမုတ် စသည့် ငါးပိသာအချိန် (၈၀)ကို ရောင်းချပေးခဲ့ကြသည်။ ငါးများကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး နောက်ရက်များတွင်လည်း စားသုံးသူပြည်သူများထံသို့ လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)