ပေါင် စက်တင်ဘာ ၅
ပေါင်မြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ၏ ဦးဆောင်စီစဉ်မှုဖြင့် စက်တင်ဘာ ၅ရက် နံနက် ၉ နာရီခွဲက ပေါင်မြို့ပြည်သူ့ဆေးရုံကြီးသို့ UK Made, ကျပ်သိန်း ၁၃၅၀ တန် Oxygen စက်သစ်ကြီး ရောက်ရှိ လာပြီ ဖြစ်ပြီး ငါးရက်အတွင်း အပြီးတပ်ဆင်သွားမည်ဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း Oxygen ထုတ်လုပ်ဖြန့်ဖြူးပေးနိုင် တော့မည်ဖြစ်သည်။
အဆိုပါ Oxygen စက်သစ်ကြီးအား ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်လူနာများနှင့် အောက်ဆီဂျင်လိုအပ်သည့်လူနာများ အသုံးပြုနိုင်ရန် မြို့နယ်အတွင်းရှိ အလှူရှင်များနှင့် ရပ်ဝေးရပ်နီး အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် Oxygen Plant စက်သစ်ကြီးသည် တစ်နာရီလျှင် ၄၀ လီတာအိုး အလုံး ၈ လုံး ထွက်ရှိမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်လူနာများနှင့် အောက်ဆီဂျင်လိုအပ်သည့် လူနာများ အသုံးပြုနိုင်ရန် အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
(မြို့နယ် ပြန်/ဆက်)


