နေပြည်တော်   မတ်  ၁၅

 

ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ၏ ပေါင်းသတ်ဆေး()မျိုးအပေါ် ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ဝင်များ၊ ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့သည် ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများကို ပြည်တွင်းသို့ တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် မှတ်ပုံတင်လျှောက်ထားလာသည့်အခါတွင် ပိုးသတ်ဆေးဥပဒေနှင့်အညီ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း များအတိုင်း မှတ်ပုံတင်ခွင့် ပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပိုးသတ်ဆေးဥပဒေအရ လူ၊ တိရစ္ဆာန်၊ သီးနှံနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဘေးအန္တရာယ်မြင့်မားစေနိုင်ပြီး အဆိပ်အတောက်ပြင်းထန်သော ပိုးသတ် ဆေးများဖြစ်ပါက မြန်မာနိုင်ငံတွင်သုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေး သို့မဟုတ် ကန့်သတ်သုံးစွဲသည့် ပိုးသတ်ဆေးများအဖြစ် သတ်မှတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။

 

မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၁)ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် Rotational Period ()လနှင့် အထက်ဖြစ်‌နေသော Atrazine, Fomesafen, S-Metolachlor, Mesotrione နှင့် Terbuthylazine ပေါင်းသတ်ဆေး()မျိုးကို မြန်မာနိုင်ငံ၌သုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ် ဆေး (Banned Pesticide) အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ၊ အများပြည်သူသိရှိနိုင်ရေး ဆောင်ရွက်ရန်နှင့် အသိပေးထားသည့် ကာလအတွင်း ပြန်လည်သုံးသပ်ခြင်း ကိစ္စရပ်များဆောင်ရွက်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။

ပေါင်းသတ်ဆေး()မျိုး တစ်ခုချင်းစီ၏ ကောင်းကျိုးဆိုးကျိုးများအပေါ် လေ့လာသုံးသပ်ပြီး စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့သည့်အခါ မိမိတို့နိုင်ငံ၏ စီးပွားရေးတွက်ချေကိုက်ရေး၊ ကုန်သွယ်မှုအခွင့်အလမ်း တိုးတက် လာစေရေး၊ စားသုံးသူများ၏ ကျန်းမာရေးလုံခြုံမှုရှိရေး စသည့် ရှုထောင့်မျိုးစုံမှ သုံးသပ်ပြီးဆွေးနွေးကြ စေလိုကြောင်းပြောကြားသည်။

 

ထို့နောက် ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များက ပေါင်းသတ်ဆေး()မျိုး၏ ကောင်းကျိုး ဆိုးကျိုးများအပေါ် လေ့လာသုံးသပ်ပြီး စိစစ်ချက်တစ်ခုချင်းကို အသေးစိတ်ဆွေးနွေးကြသည်။ ယခုအစည်းအဝေးတွင် ရရှိသည့် ဆွေးနွေးသုံးသပ်ချက်များကို နောင်ကျင်းပမည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေး၌ တင်ပြ၍ အတည်ပြုချက်  ရယူသွားမည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)