ပေါင်းတည်  ၁၀  ဇွန် 


ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် စေတနာ နာရေးကူညီမှုအသင်းတွင် အသုံးပြုရန်အတွက် ကနုတ်ပန်း တပ်ဆင်ပြီး နိဗ္ဗာန်ယာဉ်တစ်စီးအား ပေါင်းတည်မြို့ မင်းကွက် (၃)ရပ်ကွက် တာပွန်လမ်းနေ ကိုမြတ်ထွန်း-မဒေါ်လီ (သား) မောင်ချမ်းမြေ့ပိုင်၊ (သမီး) မမြတ်သန္တာထွန်း ရွှေတည်ထွန်း ကုမ္ပဏီလီမိတက်ရွှေမန်းလုပ်ငန်းစု မိသားစုတို့မှ ယနေ့နံနက် ၈ နာရီက စေတနာနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


တင်ဝင်းဇော်(မင်းသားကြီး)