ပေါင်းတည် ၂၉ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ ဈေး(၁)ရပ်ကွက် ရန်ကုန်-ပြည် လမ်းဘေးရှိ ကုသိုလ်ဖြစ်ဆေးရုံ၌ မျက်စိဝေဒနာရှင်(၁၂)ဦးအား ယမန်နေ့ ညနေပိုင်းက အခမဲ့ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ခွဲစိပ်ကုသရာတွင် ရန်ကုန်မြို့မှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုကိုသန်း၊ ဆရာ၊ ဆရာမများနှင့် ဆေးရုံဝန်ထမ်းများက လုပ်အားဒါနကူညီဆောင်ရွက်မှု၊ စေတနာရှင်များ၏ စုပေါင်းထည့်ဝင်လှူဒါန်းသည့် အလှူငွေများဖြင့် မျက်စိရောဂါဝေဒနာရှင် (၁၂) ဦးကို အခမဲ့ ခွဲစိပ်ကုသပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကိုပါ တစ်ပါတည်းပေးအပ်ခဲ့သည်။
ယခု(၁၉)ကြိမ်မြောက်အထိ မျက်စိဝေဒနာရှင်(၁၄၄)ဦးအား အခမဲ့ခွဲစိပ်ကုသပေးခဲ့ကြောင်း သိရှိရပြီး ကုသိုလ်ဖြစ်ဆေးရုံမှ အလုပ်အမှုဆောင်နှင့် ဝန်ထမ်းများကလည်း ခွဲစိပ်သည့်အကြိမ်တိုင်းတွင် လူနာများနှင့် လူနာရှင်များကို အာဟာရဒါနအဖြစ် ထမင်းသုပ်ထုတ်များကို လှူဒါန်းလျက်ရှိသည်။
ခွဲစိပ်ကုသမှုကို လစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အတွက် ပါဝင်လှူဒါန်းလိုပါက မျက်စိ(၁)လုံးလျှင် အလှူငွေကျပ် ၇၅ဝဝဝိ/နှုန်းဖြင့် ပေါင်းတည်ကုသိုလ်ဖြစ်ဆေးရုံတွင် လှူဒါန်းနိုင်ကြောင်း အလုပ်အမှုဆောင် ဦးငြိမ်းဟန်ထံမှ သိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်