ပေါင်းတည် ၄ သြဂုတ်
စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲကို ပေါင်းတည်မြို့နယ် ကြူတောကံရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် သြဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စာပေချစ်သူအဖွဲ့ဝင်များ ၂၅၀ ကျော် တက်ရောက်ကြသည်။
အခမ်းအနားတွင် အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူမြင့်က စာဖတ်စွမ်းအား တိုးတက်လာစေရန် ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်က စာဖတ်စွမ်းရည် အကျိုးရှိပုံကိုလည်းကောင်း၊ မြို့နယ်စာပေချစ်သူအဖွဲ့ဝင် ဦးတင်အုန်းနှင့် အတွင်းရေးမှူး ဦးစိန်မောင်တို့က စာကြည့်တိုက်ဖြစ်ပေါ်လာရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ မိဘပြည်သူများက ကူညီပံ့ပိုးပေးရေး စသည်များကို လည်းကောင်း၊ ရပ်မိရပ်ဖတစ်ဦး ဦးသိန်းအောင်က ထန်းသုံးခွကျေးရွာ စာကြည့်တိုက်ဖြစ်ပေါ်လာရေးကို လည်းကောင်း၊ မြို့နယ်စာပေချစ်သူအဖွဲ့က မိဘပြည်သူများ၏ စာကြည့်တိုက်ဖြစ်ပေါ်လာရေးအတွက် ဆန္ဒသဘောထားရယူရာ အားလုံးကထောက်ခံကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)


