ပေါင်းတည်   ဒီဇင်ဘာ   ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ဘုရားကြီးရှေ့ စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် ဆိုင်ကယ်စီးသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က အသိပညာပေး လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ သွားလာနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိတို့ ပါဝင်သောအဖွဲ့က စစ်ဆေး၍ အသိပညာပေးဆောင်ရွက်ခြင်း ဖြစ်သည်။

ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ စီးခြင်း၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် မပါဘဲ စီးခြင်း၊ နှစ်ဦးထက်ပို၍ စီးခြင်း၊ နောက်ကြည့်မှန်မပါဘဲ စီးခြင်း၊ အိတ်ဇောဖြုတ်၍ စီးခြင်း၊ လိုင်စင်မဲ့ဆိုင်ကယ်၊ လိုင်စင်မဲ့ကားများ မောင်းနှင်ခြင်းများ လုံးဝ မပြုလုပ်ကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ကွင်းဆင်း စစ်ဆေးရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)