ပေါင်းတည် မတ် ၂၂
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ စက်သုံးဆီရောင်းချမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိရာ မတ် ၂၁ ရက် မွန်းလွဲပိုင်းက ဆက်လက်ဆောင်ရွက်သည်။
အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
၎င်းပူးပေါင်းအဖွဲ့က စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန်၊ တရားမဝင်ရောင်းချမှုများမဖြစ်ပေါ်စေရန်၊ ယာဉ်တစ်စီးလျှင် တစ်နေ့တစ်ကြိမ်သာ ရောင်းချရန်၊ အစိုးရသတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အထူးအလေးထားလိုက်နာ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားကာ ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)


