ပေါင်းတည်  ၂၈  နိုဝင်ဘာ

 

အားကစားနှင့် ကာယပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အုန်းနှဲစမ်းကျေးရွာရှိ အ.လ.က ကျောင်းတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အားကစားဦးစီးမှူး ဒေါ်နီလာဝင်းက ရန်ကုန်မြို့ အား/ကာ(သိပ္ပံ)ကျောင်း ဖွင့်လှစ် သင်ကြားနေမှု ဆိုင်ရာများအား  ဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား Physical Fitness Dance သင်ကြားပေးခဲ့သည်။

 

ထို့နောက် မြို့နယ် ရိုးရာခြင်းနှင့် ပိုက်ကျော်ခြင်း ဆပ်ကော်မတီအဖွဲ့ဝင် ဦးထူးထူးဇော်မှ နည်းစနစ် သင်ကြားပြသပေးခြင်းနှင့် စံကိုက်ပိုက်ကျော်ခြင်းကွင်း (၁)ကွင်းကို ဒေသခံ အားကစားသမားများ ကစားရန်အတွက် ဖောက်လုပ် ပေးခဲ့ကြောင်း သိရသည်။

 

တင်ဝင်းဇော်(ပြန်/ဆက်)