ပေါင်းတည် ၁၃ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ထန်းတပင်အုပ်စု ပန်းသင်းပင်ကျေးရွာ သစ်တောကြိုးဝိုင်းအကွက်(၅)တွင် ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ပိုင်ခွင့် လက်မှတ်ပေးအပ်ပွဲကို ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပေါင်းတည်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်မောင်လတ်က သစ်တောဆိုင်ရာ ဥပ‌ဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ဒေသခံတောင်သူ အိမ်ထောင်စု(၈)စုအတွက် မြေဧက(၄၂)ဧကအား အိမ်ထောင်စုအလိုက် လုပ်ကိုင်ခွင့်လက်မှတ်များကို ဝန်ကြီးဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ကြာနီကန်အုပ်စုတွင် ပြုလုပ်သော ကျေးရွာမတည်ရန်ပုံ‌ငွေ စီမံကိန်း(VRFP)စီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဒေသခံများမှ တင်ပြတောင်းဆိုမှုများကို ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)