ပေါင်းတည်    ဇွန်     ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံကျေးရွာ ကုန်ထုတ်လမ်းဘေး ဝဲယာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန် ၂၆ ရက် နံနက်ပိုင်းက အရိပ်ရသစ်ပင်များအား ကွင်းဆင်းစိုက်ပျိုး ခဲ့ကြကြောင်းသိရသည်။

 

ကွင်းဆင်းစိုက်ပျိုးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများက ကျေးရွာကုန်ထုတ်လမ်း ကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့် ပူးပေါင်းကာ အရိပ်ရပင်များဖြစ်သော ကျွန်း၊ မန်ဂျန်ရှား၊ သပြေ၊ မယ်ဇယ် အစရှိသည့် အပင်များအား ပူးပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

ငြိမ်းသူ