ပေါင်းတည် နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီစာပေသင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၉၇) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်းနှင့် ဘကကျောင်း(၁)ကျောင်းရှိပြီး အဆိုပါကျောင်းများ စတင်ဖွင့်လှစ်ရာတွင် နေ့စဉ်နံနက် ၇ နာရီခွဲမှ ၁၂ နာရီခွဲ အချိန်အထိ ဖွင့်လှစ်၍သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအား တည်ငြိမ်အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ကျောင်းသားမိဘများ၊ ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)


