ပေါင်းတည် ၁၁ မတ်
ပေါင်းတည်မြို့နယ်အတွင်း ဆေးဝါးအရောင်းဆိုင်များတွင် သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်း ရှိ/ မရှိကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်း၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆေးဆိုင်များအတွင်း သိုလှောင်ထားရှိသော ဆေးဝါးများနှင့် ပတ်သက်၍ ထိန်းချုပ်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးနှင့် စပ်ဆေးများ ရောင်းချနေမှု ရှိ/မရှိ၊ ဆေးဆိုင်အတွင်း သန့်ရှင်းသပ်ရပ်မှု၊ ဥပဒေနှင့်မလွတ်ကင်းသည့် ဆေးဝါးများ ရောင်းချခြင်းရှိ / မရှိ၊ လုပ်ငန်းလိုင်စင်၊ ရောင်းချခွင့်လိုင်စင်များ ရှိ / မရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)