ပေါင်းတည်   ၁၃  ဇန်နဝါရီ 

 

ပဲခူးတိုင်းဒေသကြီး  ပေါင်းတည်မြို့နယ် သဖန်းပင်ဆိပ်ကျေးရွာရှိ ဧက ၁၀၀ စံပြကွက်မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်တွင် တံတားလေးစင်း တည်ဆောက်လျက်ရှိကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါကုန်ထုတ်လမ်းမှာ အရှည်ပေ ၁၀၃၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ မြေနီကျောက်စရစ်ခင်းခြင်းနှင့် အလျား ၁၈ ပေ၊ အနံ ၄ ပေ ၉ လက်မ၊ အမြင့် ၄ ပေ ၉ လက်မ တံတားလေးစင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ယခုဘဏ္ဍာနှစ်တွင် မူလခွင့်ပြုရန်ပုံငွေကျပ် ၆၅ ဒသမ ၄၅ သန်းဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်က စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက ပြောသည်။

 

အဆိုပါ ကုန်ထုတ်လမ်းနှင့် တံတားလေးစင်း တည်ဆောင်နေမှုကို ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းတို့မှ ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန် ‌ဆွေးနွေးမှာကြားခဲ့သည်။



အဆိုပါ ကုန်ထုတ်လမ်းနှင့် တံတား‌လေးစင်း ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ  ၂၅၈ အိမ်မှ လူဦးရေ ၁၁၂၀ ဦးတို့၏  ဧက ၁၀၀ စံပြကွက်မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ