ပေါင်းတည် ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ(မှတ်တိုင်လမ်း)တွင် ယမန်နေ့က လူငယ်စကားဝိုင်း ကျင်းပသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက အမှာစကားပြောကြားပြီး လူငယ်နှင့်ပညာသင်ကြားခြင်း၊ လူငယ်နှင့်လူမှုကွန်ရက်၊ လူငယ်နှင့်အောင်မြင်မှုနည်းလမ်းများ၊ လူငယ်နှင့် ခေတ်မီမူးယစ်ဆေးအန္တရာယ် အကြောင်းတို့ကို ကျောင်းသား ကျောင်းသူ လေးဦးက ဦးဆောင်ဆွေးနွေးကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်ပြပွဲကို ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)


