ပေါင်းတည် မေ ၁၁
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက သပြေကြီးစုကျေးရွာအုပ်စု ရှမ်းကုန်းကျေးရွာတွင် မြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ရေး ရက်(၁၀၀) ကာကွယ်ဆေးထိုးစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာသင်းသင်းခိုင်တို့က ကျေးရွာများအတွင်း ဒေသနွားတစ်နိုင်တစ်ပိုင် မွေးမြူသူများအားတွေ့ဆုံ၍ အသိပညာများရှင်းလင်း ဟောပြောကြသည်။
ဆက်လက်၍ နွားမွေးမြူသူများအား ခြံဖျန်းပိုးသတ်ဆေးများ ပေးအပ်ခဲ့ကြပြီး ကာကွယ်ဆေးထိုးစီမံချက်ဖြင့် ကျေးရွာအတွင်း မွေးမြူထားသည့် ဒေသနွားကောင်ရေ ၅၀ အား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေသား(IPRD)


