ပေါင်းတည် အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ၊ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား (ပထမ အကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာလ(၈)ရက်နေ့မှစ၍ ယနေ့အထိ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ် ထားသော ဆေးထိုးစုရပ်များ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံ ရသေးသော ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ် တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး(Sinopharm)ကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)