ပေါင်းတည်  ၁၇   ဇွန်     

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင်  အခြေခံမဲဆန္ဒရှင်စာရင်းတွင် ကိုဗစ်-၁၉ ကာလအတွင်း ထပ်တိုး မဲဆန္ဒရှင် စာရင်းများ စိစစ်ထည့်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို  ယမန်နေ့ နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး နဝရတ်ခန်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဒုတိယမြို့နယ် အုပ်ရေးမှူး ဦးသန့်ဇင်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသောင်းညွန့်နှင့် အဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာအုပ်စု ၅၆ အုပ်စု ရပ်/ကျေး စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ဒုတိယမြိုနယ်အုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းညွန့်က အမှာစကားပြောကြား တွင်   ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်ပနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာကြသူများနှင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ရရှိသူ များကို ဆန္ဒမဲပေးနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းတွင် ထပ်မံစိစစ်ထည့်သွင်းနိုင်ရေး ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသန်းထွန်းက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်