ပေါင်းတည် ၅ ဒီဇင်ဘာ
ကာကွယ်ဆေးထိုးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ အသုံးပြုခြင်း(Vaccine Logistics Management Information System (VLMIS) Training)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ဖြူဇင်အေးနှင့် မြို့မ ကျန်းမာရေးမှူး ဒေါ်အေးသက်မွန် တို့က ဆက်စပ်ပစ္စည်းအသုံးပြုခြင်းအား စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့သည်။
သင်တန်းသို့မြို့နယ်အတွင်းရှိအခြေခံကျန်းမာရေးဝန်ထမ်း ၁၁၄ ဉီး တက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၄ရက်မှ ၅ ရက်အထိ သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)