ပေါင်းတည် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၇၅) နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့် တက်ရောက်အားပေးကာ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဆုရရှိသော ကလေးသူငယ်များ၏ မိခင်များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ပြိုင်ပွဲဝင်ကလေးများနှင့်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးပြီး အာဟာရ အစားအစာများ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)