ပေါင်းတည်၌ ပြည်ပမှပြန်လူသူများအား နေရာ ၃၉ ခုတွင် စောင့်ကြည့်နေ

ပေါင်းတည်  ၃၁   မတ်   

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများထဲမှ စောင့်ကြည့်ရန်လိုအပ်သူ အမျိုးသားနှင့်အမျိုးသမီးစုစုပေါင်း ၁၂၁ ဦးအား နေရာ ၃၉ ခုတွင် ခွဲခြားထားရှိ၍ စောင့်ကြည့်လျက်ရှိကြောင်းသိရသည်။

 

‌ေ

 

မတ် ၃၀ ရက်နေ့ညနေ ၆ နာရီထိ စာရင်းအရ ပေါင်းတည်မြို့ အထကကျောင်းတွင် ၂၆ ဦး၊ ကျန်ကျေးရွာအုပ်စု(၃၈)အုပ်စုရှိ စာသင်ကျောင်းတွင် ၉၀ ဦး၊ ဘုန်းကြီးကျောင်းတွင် လေးဦး၊ ရွာထိပ်ဇရပ်တွင် တစ်ဦး ဖြစ်ကြောင်းထပ်မံ၍ ပြည်ပမှ ဝင်လာမည့် သူများကိုလည်း ကားဂိတ်ဘူတာရုံများတွင် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

တင်ဝင်းဇော်