ပေါ့ပ်ဘုရင်မ ဘီယွန်းစေး ဂရမ်မီဆု အများဆုံးစံချိန်တင်

 

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၇

 

ပေါ့ပ်ဘုရင်မ ဘီယွန်းစေးသည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ကျင်းပသည့် (၆၅) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် ၎င်း၏(၃၂ ) ကြိမ်မြောက် ဂရမ်မီဆုကို ဆွတ်ခူးပိုင်ဆိုင်ပြီးနောက် အနုပညာရှင်တိုင်း၏ ဂရမ်မီဆု အများဆုံးရရှိသည့် စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

 

ပေါ့ပ်အဆိုတော်ဘီယွန်းစေးသည် အဆိုပါဆုကို အကောင်းဆုံးအကနှင့် အီလက်ထရွန်နစ် တေးဂီတအယ်လ်ဘမ် “ရေးနစ်ဆန့်စ်” ဖြင့် ဂရမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ယခင်က ဆုပေါင်း ၃၁ ဆုရရှိထားသည့် ကွယ်လွန်သူ ဂန္ထဝင်ဂဲရစ် ဆော့တီ ၏စံချိန်ကို ကျော်လွန်သွားခဲ့သည်။

 

ယခုနှစ် နွေရာသီတွင် ထွက်ရှိလာသည့် ဘီယွန်းစေး၏ “ရေးနစ်ဆန့်စ်” တေးအယ်လ်ဘမ်သည် သူမ၏ သတ္တမမြောက် တစ်ကိုယ်တော်တေးအယ်လ်ဘမ် တစ်ခုဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း အကောင်းဆုံး တေးသီချင်းအဖြစ် ဘီလ်ဘုတ် ၏ ထိပ်တန်းသီချင်းများ စာရင်းတွင် နံပါတ် ၁ နေရာသို့ ရောက်ရှိလာခဲ့သည်။

 

အသက် ၄၁ နှစ်အရွယ် ပေါ့ပ်ဘုရင်မ ဘီယွန်းစေးသည် ဂရမ်မီဆုပေးပွဲ အခမ်းအနားတွင် အကောင်းဆုံးတေးအယ်လ် ဘမ်ဆုနှင့် တစ်နှစ်တာ အကောင်းဆုံး သီချင်းများအပါအဝင် ဆုအများအပြားကို ရရှိခဲ့သည်။

 

အေအက်ဖ်ပီ