လားရှိုး ၂   မတ်

 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ပေါ်တော်မူ သီရိ သီဝ ရှန်ခိုက်ဘုရားကျောင်းတော်ကြီးရှိ မဟာသျှီဝရာတြီ ဘုရားပွဲတော်ကြီးကို ယခုနှစ် မတ်လ(၂)ရက်နေ့မှ စတင်ကာ သုံးရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

S29

 

ဂေါပက အဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အစိုးရ အကြီးအကဲများနှင့် ပြည်နယ်အဆင့်၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံးကို ဖိတ်ထားကြောင်း၊ နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်တဲ့ ပေါ်တော်မူ ရှန်ခိုက်ဘုရားပွဲတော်ကြီးအတွင်း  လုံခြုံရေးနှင့် ပတ်သက်၍လည်း အထူးကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှန်ခိုက်ဘုရားကျောင်းတော်ကြီး ဂေါပကအဖွဲ့ဝင် ကိုနူးနူးက  ပြောသည်။

 

လားရှိုးမြို့ရှိ ဆခ်၊ ဂေါ်ရခါးလူမျိုး၊ ဟိန္ဒူဘာသာဝင်များသာမက ဗုဒ္ဓဘာသာဝင်များ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဟိန္ဒူဘာသာဝင်များ နှင့် နိုင်ငံခြားသံရုံးများမှ အကြီးအကဲများ  တက်ရောက်လေ့ရှိသော အထူးစည်ကားသည့် ဟိန္ဒူဘာသာရေး ပွဲတော်ကြီး ဖြစ်သောကြောင့် ယခုနှစ်တွင် ဘုရားဖူးလာ ပြည်သူများအားလုံးကို ပိုမိုအဆင်ပြေစွာ တည်းခိုနိုင်ရေးအတွက်လည်း  စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

S293

 

ယခုနှစ် မတ် ၂ ရက်နေ့မှ စတင်ကာ ပေါ်တော်မူ သီရိ သီဝ ရှန်ခိုက်ဘုရားပွဲတော်ကြီး၏ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဘုရားပွဲတော်သို့ လာရောက်ကာ ပွဲဈေးရောင်းမည့်သူများနှင့် မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ဟိန္ဒူ ဘာသာဝင်အချို့မှာ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက ရှန်ခိုက်ဘုရားကျောင်းတော်ကြီးသို့ ရောက်ရှိနေကြပြီဖြစ်သည်။ 

 

လင်းလင်း (လားရှိုး)

 

.010.