၇  ဇန်နဝါရီ

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး Pfizer သည် လူတစ်သိန်းတွင် တစ်ယောက် ဓာတ်မတည့်မှု ဖြစ်ပွားနိုင်ကြောင်း အမေရိကန် ပြည်ထောင်စုမှ ဆေးဂျာနယ်တစ်ခုက ထုတ်ပြန်ခဲ့သည်။

 

 

လူပေါင်းနှစ်သန်းကို Pfizer နှင့် BioNTech က ထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးနောက် လူတစ်သိန်းလျှင် တစ်ယောက် ဓာတ်မတည့်မှု ဖြစ်ပွားခဲ့ကြောင်း  the New England Journal က ပြောကြားခဲ့သည်။

 

 

ထိုကဲ့သို့ ဓာတ်မတည့်မှုများကြောင့် လူအချို့သည် ကာကွယ်ဆေးအသစ်နှင့် ပတ်သက်ပြီး ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေပြီး  ကာကွယ်ဆေးနှင့် ပတ်သက်ပြီး ခန္ဓာကိုယ်အတွင်း တုံ့ပြန်မှုသည် ကုသနိုင်သည့် အခြေအနေဖြစ်ကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုထားသည်။

 

 

ကာကွယ်ဆေး ထိုးရာတွင် အများပြည်သူများ၏ ယုံကြည်မှုကို ထိန်းသိမ်းရန်အတွက် ဘေးကင်းရေးကို အနီးကပ် စောင့်ကြည့်ပြီး သတင်းဖော်ပြရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

a1