ဖားဆောင်း ၁၁  မေ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဧပြီလ ၂၀ ရက်နေ့က မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ကြီးမှ နေရပ်ပြန်လာသူများအား အခြေခံပညာ အထက်တန်း ကျောင်း ပညာရတနာခန်းမဆောင်တွင် ထားရှိသော Community Based Facility Quarantine တွင် စောင့်ကြည့်ခဲ့ရာ ၂၁ ရက်ပြည့်ပြီးဖြစ်၍ ယနေ့နံနက် ၉ နာရီက ၎င်းတို့နေအိမ် အသီးသီးသို့ ပြန်ခွင့်ပြုကြောင်း သိရသည်။

 

090

 

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉  ရောဂါ၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အိဖြူသွယ် က စောင့်ကြည့်ခံရသူများ အနေဖြင့် မိမိတို့နေအိမ်တွင် နေထိုင်သောအခါ  Community Based Facility Quarantine တွင် နေထိုင်သကဲ့သို့ Home Quarantine (၇) ရက်နေဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

0909

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေး ထောက်ခံချက်များကို ပေးအပ်ခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦးအား ၎င်းတို့၏ အိမ်အရောက် အသီးသီး လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပုဂ္ဂိုလ်များသည် ၎င်းတို့နေအိမ်၌ Home Quarantine (၇) ရက် နေထိုင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

 

နန်းသဲနုအောင်(ဖားဆောင်း)

 

1922