ဖားဆောင်း ၁၂ မတ်

 

ဖားဆောင်းမြို့နယ်အတွင်း လမ်း၊ တံတားတည်ဆောက်နေမှုလုပ်ငန်းများကို ဘောလခဲခရိုင်၊ တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ ဖားဆောင်းမြို့နယ်၊ တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အဆိုပါ လုပ်ငန်းများမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၃)ကြီးကြပ်မှုဖြင့် အောင်စည်တော်ကုမ္ပဏီမှ ဆောင်ရွက်သည့် တောင်ငူ-မော်ချီး-ဒီးမော့ဆိုလမ်း သံကူကွန်ကရစ်တံတား (15’×24’)အသစ်(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ချဉ်းကပ်လမ်းနှစ်ဖက်အား မြေကြီးချဲ့ခြင်းလုပ်ငန်း၊ ကတ္တရာလမ်းသစ် ခင်းခြင်းလုပ်ငန်း၊ တောင်ငူ-မော်ချီး-ဒီးမော့ဆိုလမ်းအတွင်း လိုခါးလိုကွက်သစ် ကျောက်စီရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်း၊ လိုခါးလို (အထကခွဲ)  ကျောင်းဆောင်သစ် မြေထိန်းနံရံ ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကိုလည်းကောင်း၊ ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် ဖားဆောင်းကျေးရွာအုပ်စု တောင်ပေါ်ကျေးရွာတွင်းလမ်း (0/5-16)မိုင်အား မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

နန်းသဲနုအောင်(ပြန်/ဆက်)