mdn

ဖားဆောင်း   အောက်တိုဘာ   ၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင် ဦးဆောင်သော ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ ၃ ရက်တွင် တောင်ပေါ်ကျေးရွာ ခန်းမဆောင်၌  ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားနိုင်(၃)(က) သုံးဦး၊ လဲလှယ် ၁၇ ဦး၊ နိုင်၆(က)မိတ္တူ ငါးဦး၊ အိမ်ထောင်စု လူဦးရေစာရင်း အိမ်ထောင်စုခွဲ တစ်စု၊ အိမ်ထောင်စုမိတ္တူ ခြောက်စု၊ မွေးတိုး သုံးစုတို့နှင့် သေဆုံး တစ်စုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကာ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်ထံမှ သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)