နေပြည်တော်၊ ၅ ဇန်နဝါရီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မြစ်ကြီးနား-ဖားကန့်သွား ကားလမ်း၊ လယ်ပြင် စစ်ဆေးရေးဂိတ်တွင် မစန်းနု(ခ)နုနု မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၄၀ ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကသာမြို့နယ်၊ ပလွေရွှေကျေးရွာအုပ်စု၊ ရွှေလမ်းဆုံကျေးရွာအနီး၊ ပလွေရွှေ-ငါးအိုးသွားကားလမ်းတွင် မယဉ်ယဉ်အေးမောင်းနှင်ပြီး မနွယ်နွယ်ဌေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၄ ကီလိုကိုလည်းကောင်း။

 

အလားတူ ယင်းနေ့မွန်းတည့် ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ နားဖကျေးရွာအနီး၊ လားရှိုး-မိုင်းယော်သွား ကားလမ်းတွင် နော်ထွယ်လီ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ တို့ကို လည်းကောင်း။

 

ထို့အတူ ဇန်နဝါရီ ၃ ရက်ညနေ ၅ နာရီ ၃၅ မိနစ်တွင် တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ်၊ တောင်ကြီး-မိုင်းပျဉ်းသွား ကားလမ်းတွင် ချစ်မင်းထွေး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့နံနက် ၁၁ နာရီတွင် မိုးမိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာအနီး၊ မိုးမိတ်-တွင်းငယ်သွား ကားလမ်းတွင် အီးကျော် (ခ) ကျော်ကျော်ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

 

ရဲပြန်ကြား