ဖားကန့် ၁၁ ဇန်နဝါရီ  

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့ သီတဂူစက္ခုဒါနဆေးရုံတော်၌ သီတဂူအဓိပတိ မဟာနာယက ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဦးဆောင်စီမံမှုဖြင့် မျက်စိအထူးကုခွဲစိတ် ဆရာဝန် ဒေါ်မိမိတင်နှင့်အဖွဲ့ ၁၇ ဦးတို့က ဇန်နဝါရီ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ မြို့နယ်အတွင်း ရပ်နီး/ရပ်ဝေးမှ မျက်စိဝေဒနာသည်များအား အခမဲ့စမ်းသပ်ကုသပေးလျက်ရှိရာ မှတ်ပုံတင်ပေးနိုင်ခဲ့သည့် လူနာ ၅၀၇၅ ဦးအနက် ၃၆၃၈ ဦးအား မျက်စိစမ်းသပ်စစ်ဆေးခြင်း၊ လူနာ(၄၇၁)ဦးအား ရိုးရိုးမျက်စိခွဲစိတ်ခြင်းနှင့် လူနာ ၂၀ အား လေဆာဖြင့်ခွဲစိတ်ကုသခြင်းတို့ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

111 DSC0391

 

ဆေးရုံတော်၌ မျက်စိကုသမှုလာရောက်ခံယူခဲ့ကြသည် မျက်စိဝေဒနာရှင်၊ အလှူရှင်များမှ အလှူငွေများ ပြန်လည်ထည့်ဝင်လှူဒါန်းခဲ့ကြရာ စုစုပေါင်းငွေကျပ် ၅,၇၂၉,၆၀၀ လက်ခံရရှိခဲ့ကြောင်း သိရသည်။

 

သီတဂူအဓိပတိမဟာနာယကဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (Ph.D)(D.Litt)သည် ဇန်နဝါရီ ၇ ရက်နေ့တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ဖားကန့်မြို့သို့ ကြွချီလာခဲ့ပြီး မြို့နယ်အတွင်း နေရာများခွဲ၍ ဇန်နဝါရီ (၁၀)ရက်နေ့ညအထိ တရားဓမ္မဒေသနာများ ဟောကြားတော်မူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ပြန်လည်ကြွချီတော်မူသွားခဲ့ကြောင်း သိရသည်။

 

ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ငန်းစဉ်များနှင့် ပရဟိတလုပ်ငန်းစဉ်များတွင် အားဖြည့်နိုင်ရန်အတွက် ဖားကန့်မြို့နယ်မှ အလှူရှင်များမှ ဓမ္မပူဇနိယအလှူတော်ငွေ စုပေါင်းထည့်ဝင် လှူဒါန်းငွေကျပ် သိန်း ၃၁၅၀ နှင့် ရွှေ ၁ ပိဿာ ၃ ကျပ်သား ၅ ရွေးတို့အား လှူဒါန်းမှု ပြုခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 


MDN

 

IMG_20190111