ဖားကန့်  ၈ ဇန်နဝါရီ

 

ကချင်ပြည်နယ် ဖားကန့်မြို့ သီတဂူစက္ခုဒါနဆေးရုံတော်တွင် ဇန်နဝါရီ ၅ ရက်မှ ၁၀ ရက်အထိ ဒုတိယအကြိမ် မျက်စိအခမဲ့ ခွဲစိတ်ကုသပေးရန်အတွက် မျက်စိခွဲစိတ် အထူးကုဆရာဝန် ဒေါက်တာ ဒေါ်မိမိတင်နှင့်အဖွဲ့သည် မျက်စိဝေဒနာရှင်များအား ကုသပေးခဲ့ရာ ဖားကန့်မြို့နယ် ဆရာဝန်ကြီးများနှင့်အဖွဲ့၊ တပ်မတော် ဆရာဝန်နှင့်အဖွဲ့၊ ကြက်ခြေနီအဖွဲ့ ၊ လူမှုကူညီရေး အသင်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့တို့၏ ပူးပေါင်းကူညီမှုဖြင့် မျက်စိဝေဒနာရှင် ၇၅၈ ဦး၊ အင်းတော်ကြီး ဒေသမှ ၂၃ ဦးနှင့် ဇန်နဝါရီ ၆ ရက်တွင် မြို့ပေါ် ငါးရပ်ကွက်မှ ၅၁၁ ဦး စုစုပေါင်း ၁၂၉၂ ဦးတို့အား လူနာမှတ်ပုံတင် ပေးနိုင်ခဲ့သည်။

 

ဇန်နဝါရီ ၆ ရက်အထိ လူနာ ၆၃၉ ဦးအား မျက်စိစမ်းသပ် စစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး လူနာ ၆၁ ဦးအား မျက်စိခွဲစိတ်ခြင်း ဆောင်ရွက်နိုင်ခဲ့သည်။

 

လူနာမှတ်ပုံတင်ပြီး၍ မျက်စိစမ်းသပ်ရန် ကျန်ရှိနေသူများအား ဆက်လက်ခွဲစိတ် ကုသပေးသွားမည် ဖြစ်ပြီး မျက်မှန်များကိုလည်း အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ကျောက်တိုင်ကွင်းတွင် သီတဂူ အဓိပတိ မဟာနာယကဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (Ph.d)(D.Litt) သည် ဇန်နဝါရီ ၇ ရက် ညကစပြီး လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူရှိ တရားဟောမဏ္ဍပ်များရှိရာဌာနသို့ တစ်ညစီ တရားဓမ္မများ ဟောကြားချီးမြှင့်ကြောင်း သိရသည်။

 

စိုးနိုင်ဦး-ဖားကန့်