နေပြည်တော် ၂၂ ဇွန်

ဇွန် (၂၁)ရက် မြန်မာစံတော်ချိန် (၂၃) နာရီ (၁၂) မိနစ် (၂၇) စက္ကန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၉၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊ ဖားကန့်မြို့၏ အနောက်ဘက် (၂၂) မိုင်ခန့် အကွာတွင် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၆၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၆)ဒီဂရီ၊ အနက် (၆၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်ဖြစ်ကြောင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

MDN