ကာမိုင်း ၂၉ ဇူလိုင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ဒွန်ဘုန်းခကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆိုလာပြားနှင့် ဘတ္ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဦးဂရိုင်ရှောင်၏ သစ်သားတိုင် (၂)ထပ် သွပ်မိုး၊ ပျဉ်ခင်း၊ အကာမရှိ အလျား(၂၄)ပေ၊ အနံ(၁၆)ပေနှင့် အမြင့်ပေ (၂၀) ရှိသော အိမ်ခေါင်မိုးပေါ်တွင် တင်ထားသည့် နှစ်ပေ သုံးပေခန့်ရှိ ဆိုလာပြားဖြင့် အိမ်အောက်ထပ် ယာဘက်ထောင့်တွင် ဘတ္ထရီအိုး(အသေး)အား အားသွင်း ထားရာမှ အပူရှိန်လွန်ကဲပြီး ၎င်းဘတ္ထရီအိုးအနီးရှိ စာအုပ်၊ စာရွက်၊ အဝတ်အထည်များအား မီးစတင်လောင်ကျွမ်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင် (ပြန်/ဆက်)


