ဖားကန့် ၃၁ ဒီဇင်ဘာ
ယနေ့ နံနက် (၀၀:၁၅) ခန့်က မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ကျေးရွာ၊ ကိုယ်ထူကိုယ်ထဈေးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ ကာမိုင်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယုဇနကုမ္ပဏီမှ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး (၀၃:၀၀)တွင် မီးငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
MDN