နေပြည်တော်  ၂၄  ဇူလိုင်

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ရတနာမြေတွင် ဖြစ်ပွား ခဲ့သော မြေပြိုမှုကြောင့် အသက်ဘေးကြုံတွေ့ခဲ့ရသူများ၏ ကျန်ရစ်သော မိသားစုဝင်များကို ပြန်လည် ထူထောင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုအစီအစဉ်တွင် ထိခိုက်လွယ်အုပ်စုဝင် မိသားစုဝင်များ (ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းသူများ)အတွက် ပံ့ပိုးကူညီရာ၌ အသုံးပြုနိုင်ရန်ထည့်ဝင် လှူဒါန်းငွေကျပ် သိန်း(၅၀)ကို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ယနေ့နံနက် ၉ နာရီ တွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်