ဂန့်ဂေါ ၇ ဩဂုတ်
ဖားကန့်မြို့နယ်၊ ဝှေ့ခါးကျေးရွာ၌ ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့သော မြေပြိုမှုဖြစ်စဉ်တွင် ဂန့်ဂေါမြို့နယ်မှ ပါဝင်သူတစ်ဦး၏ မိသားစုထံ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက ယနေ့နံနက် ၁၁ နာရီခွဲအချိန်တွင် မိသားစုနေထိုင်သည့် ဂန့်ဂေါမြို့နယ် လာပို့ရွာသို့ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာမှ ဦးဇော်လွင်အောင်သည် မြေပြိုမှုဖြစ်စဉ်တွင် သေဆုံးသွားသဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက ငွေကျပ် ၃၀၀၀၀ နှင့် သဘင်အစည်းအရုံးမှ ငွေကျပ် ၅၀၀၀၀ စုစုပေါင်း ငွေကျပ် ၈၀၀၀၀ တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နုနုဆွေနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်လဲ့ရည်လှိုင်တို့က ဦးဇော်လွင်အောင် ၏မိခင် ဒေါ်လှအုန်းမယ်ထံ သွားရောက်ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)