ဖားကန့်   ၁၈   မေ

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာအုပ်စုရှိ "မင်္ဂလာတော်ဝင်" ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝင်းအတွင်း ယနေ့နံနက် ၈ နာရီက အင်ဗာတာအပူလွန်ကဲ၍ အဆောင်သုံးလုံးမီးလောင်ကျွမ်းခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီက ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာအုပ်စုရှိ "မင်္ဂလာတော်ဝင်" ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝင်းအတွင်းရှိ စက်ပြင်ခန်းတွင် တပ်ဆင်အသုံးပြုသည့် အင်ဗာတာအပူလွန်ကဲကာ အနီးရှိလူနေဆောင်နှင့် ဂိုဒေါင်တစ်လုံးပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်။

 

မီးလောင်ကျွမ်းမှုကြောင့် အလျှား ၄၀ ပေ၊ အနံ ၂၀ ပေ စက်ပြင်ခန်းတစ်လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ ဂိုဒေါင်တစ်လုံး၊ အလျား ၄၅ ပေ၊ အနံ ၂၇ ပေ၊ ပျဉ်ခင်းပျဉ်ကာ နှစ်ထပ်လူနေဆောင် အဆောက်အဦတစ်လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

 

မီးလောင်ကျွမ်းရာနေရာသို့ လုံးခင်းနယ်မြေရဲစခန်းမှ ရဲအုပ်ဝေဠုအောင် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ ဖားကန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်ခြောက်စီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် နံနက် ၈ နာရီ ၄၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် "မင်္ဂလာတော်ဝင်" ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ လုပ်ငန်းကြီးကြပ်ရေးမှူး ဦးအောင်မျိုးအား လုံးခင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)