ဖားကန့်မြို့နယ်၌ စွန့်ပစ်မြေစာပုံပြိုကျ၍ ပျောက်ဆုံးနေသူနှစ်ဦးအနက် တစ်ဦးအား သေဆုံးလျက်တွေ့ရှိ

ဖားကန့် ၁၀  ဖေဖော်ဝါရီ 

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး၌ ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက စွန့်ပစ်မြေစာပုံပြိုကျခဲ့၍ ပျောက်ဆုံးနေသူနှစ်ဦးအနက်မှ အမျိုးသားရုပ်အလောင်းတစ်လောင်း ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

received_37

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက် ည ၉ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးရှိ နိုင်ငံတော်နှင့်အကျိုးတူ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဖြစ်သည့် ဂျိတ်ပါဝါ၊ ဆဲဗင်စတား၊ ဝင်းပိုင်ကျော် ကုမ္ပဏီမှ စွန်ပစ်ထားသည့် အလျား ၂၀ဝ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၄၀ ပေခန့်ရှိ မြေစာပုံသည် ကွဲအက်ကာပြတ်ကျခဲ့ရာမှ ရေမဆေးကျောက်ရှာဖွေသူ လုံးခင်းကျေးရွာအုပ်စု၊ မလန်းကျေးရွာနေ မောင်တင်ဇော်(၂၀)နှစ်နှင့် မှော်စီစာကျေးရွာ၊ ဈေးကုန်းရပ်ကွက်နေ မောင်သိန်းဇော်(၂၇)နှစ်တို့နှစ်ဦး ပျောက်ဆုံးနေကြောင်း မိသားစုများနှင့် နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းများ၏ စာရင်းပေးပို့မှုအရ သိရသည်။

 

အဆိုပါပျောက်ဆုံးနေသူနှစ်ဦးအား မှော်စီစာကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ သင်္ဂဟလူမှုကူညီရေးအသင်း(လုံးခင်း)၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၈ နာရီခန့်က သိန်းဇော်၏ ရုပ်အလောင်းကို မြေစာပုံပြိုအောက်ခြေရှိ ရေအိုင်အတွင်းမှ သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)

 

received_48