နေပြည်တော် ၇ ဇန်နဝါရီ
ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ဖားကန့်-မိုးကောင်းကားလမ်း လဝါးပူပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာကြောင်းသတင်းအရ တပ်မတော်သားများ၊ ကာမိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ဖားကန့်မှ ကာမိုင်းသို့ မောင်းနှင်လာသည့် ယာဉ်အမှတ် 7H/×××× Skat ယာဉ်အား တားဆီးစစ်ဆေးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကာမိုင်းမြို့၊ အင်းတော်ချောင်းတံတား၌ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ယာဉ်မောင်းမှာ မိုးကောင်းမြို့၊ ရွာသစ်ရပ်ကွက်နေ သန့်ဇင်အောင်ဖြစ်ပြီး ယာဉ်၏ ကိုယ်ထည်ကြမ်းခင်းအတွင်း အံဝှက်ပြုလုပ် သယ်ဆောင်လာသည့် တရားမဝင် ကျောက်စိမ်းအရိုင်းတုံးအရွယ်စုံ(၅၉၀)တုံး၊ အလေးချိန်(၂၂၀၀)ကီလိုခန့်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သောကြောင့် သန့်ဇင်အောင်အား ကာမိုင်းနယ်မြေရဲစခန်း (ပ)၁/၂၀၁၉၊ ကျောက်မျက်ဥပဒေ ပုဒ်မ ၄၂(က)ဖြင့် အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN