နေပြည်တော်၊ ဧပြီ ၂၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၂၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆောင်းချိန်ကျေးရွာအနီးတွင် ဝင်းစိုး (ခ) အောင်စိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၉၃ ကီလိုကို သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ဧပြီ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့၊ မောင်နီရပ်ကွက်နေ အဒူဇော်လာမ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၆၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်နေ အဒူမူနာ့မ်ကို ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား