နေပြည်တော် ၂၅ ဇန်နဝါရီ

မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  ဇန်နဝါရီ ၂၄ ရက် ညနေ ၃ နာရီခွဲက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊အမှတ်(၂)ရပ်ကွက်၊ ဈေးလမ်းနေ မောင်မောင်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၁၁၀ ဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေး ၂,၇၅၅ ပြား တို့ကိုလည်းကောင်း၊

အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲက  မူးယစ်တပ်ဖွဲ့စု(၃၄)ကော့သောင်းမှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဖော့သုတ်ကျေးရွာနေ ထိုင်းနိုင်ငံသား နိုင်စိမ်းနွယ်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုခန်းသစ်သားစင်ပေါ်ရှိ ဝါးနှီး ဘူးငယ် အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀ နှင့် အိုက်စ် ၅၅ ဂရမ် သိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)