ဖားကန့် ၃၁ ဇူလိုင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့သည့်ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာများက ရပ်ကွက်/ကျေးရွာအလိုက် အဖွဲ့ခွဲကာ ယမန်နေ့ နေ့လယ်ပိုင်းမှစတင်ကာ တစ်အိမ်တက်ဆင်း လိုက်လံထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။
ဖာကန့်မြို့နယ်၌ ထောက်ပံ့ငွေရရှိမည့် အိမ်ထောင်စုပေါင်း (၃၂၅၆၁) စုရှိပြီး တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ကျပ်သိန်းပေါင်း (၆၅၁,၂၂၀,၀၀၀)ကို ပြည်သူများ လက်ဝယ်အရောက် ယနေ့အပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)