ဖားကန့် ၁၆ ဇွန်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဇွန် ၁၅ ရက် နံနက်က ကျောက်မျက်တူးဖော်ရေးလုပ်ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေသူတစ်ဦး ကျောက်တုံးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် နံနက် ၉ နာရီက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ နိုင်ငံတော်နှင့်အကျိုးတူ ကျောက်မျက်တူးဖော်နေသည့် " ရတနာကြယ် " ကျောက်မျက် တူးဖော်ရေးလုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူ မောင်မောင်ဆွတ်(၂၃ နှစ်)၏ ဦးခေါင်းအား အမြင့်ပေ(၆၀)ခန့်မှ လိမ့်ကျလာသည့်ကျောက်တုံးထိမှန်ခဲ့၍ ဒဏ်ရာရရှိခဲ့သဖြင့် ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ပြီး ဖားကန့်မြို့မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်ထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)